အာဟပ်မင်းမျိုးမင်းနွယ်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်တော်မူခဲ့သောစကားသည် မြေပေါ်ကျ၍အလဟဿမဖြစ်ရကြောင်းကို သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိ၏အစေအပါးဧလိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်အတိုင်း ပြုတော်မူပြီ”ဟု ဆို၏။
ဧသတာ 6:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။ Common Language Bible ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible ဘု ရင် မင်း က၊ သင် တင် သည့် အ တိုင်း၊ မင်း မြောက် တန် ဆာ နှင့် မြင်း တော် ပါ အ သော့ ယူ သွား၍၊ နန်း တော် တံ ခါး အ တွင်း နေ ထိုင် သော ယု ဒ လူ မျိုး မော် ဒ ကဲ အား၊ မ ယုတ် မ လျော့ ပြု လော့ ဟု မိန့် ဆို၏။ Judson Bible ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကိုယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစ်စုံတစ်ခုမျှ မလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။ |
အာဟပ်မင်းမျိုးမင်းနွယ်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်တော်မူခဲ့သောစကားသည် မြေပေါ်ကျ၍အလဟဿမဖြစ်ရကြောင်းကို သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိ၏အစေအပါးဧလိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်အတိုင်း ပြုတော်မူပြီ”ဟု ဆို၏။
ဟာမန်သည်လည်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကိုယူ၍ မော်ဒကဲအား မင်းဝတ်တန်ဆာကိုဝတ်ဆင်စေပြီး စီးတော်မြင်းကိုစီးစေလျက် မြို့လမ်းမတစ်လျှောက် “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုရသည်”ဟု ရှေ့မှ ကြွေးကြော်သွားလေ၏။
ထိုမင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ဘုရင့်မှူးကြီးမတ်ရာတစ်ပါးပါးလက်သို့ပေးအပ်ပြီး အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအား ဆင်ယင်ပေးစေပါ။ ထို့နောက် စီးတော်မြင်းကိုစီးစေ၍ မြို့လမ်းမတစ်လျှောက်လှည့်လည်စေပြီးလျှင် ‘ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုပေးရသည်’ဟူ၍ ရှေ့မှ ကြွေးကြော်သွားစေရမည်”ဟု လျှောက်လေ၏။
ထာဝရဘုရားကိုမျှော်လင့်ကိုးစားသူအပေါင်းတို့၊ အားယူ၍ သင်တို့စိတ်နှလုံးကိုရဲရင့်စေကြလော့။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။