ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။
ဧသတာ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဂျူးလူမျိုးတို့ကိုဖျက်ဆီးမည့်အကြောင်း ရှုရှန်မြို့တွင် ကြေညာသည့် အမိန့်စာမိတ္တူကိုလည်း ပေးလိုက်၏။ ဤစာကို ဧသတာအားပြ၍ သူ့ကိုရှင်းပြရန်နှင့် ဧသတာအား ရှင်ဘုရင်ထံသို့ဝင်၍ ကိုယ့်လူမျိုးတို့အတွက် မင်းကြီးထံအသနားခံတောင်းလျှောက်ရန် မှာလိုက်လေ၏။ Common Language Bible ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။- Garrad Bible ဧ သ တာ့ ထံ ဖော် ပြ စေ ခြင်း ငှာ၊ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် စေ ဟူ သော၊ ရှု ရှန် နန်း တော် မှ ထုတ် ဆင့် ပြီး ရာ ဇ သတ် စာ တန်း ကို အပ် လျက်၊ ဘု ရင် မင်း ထံ ကိုယ့် လူ မျိုး အ တွက် ဝင် ရောက် တောင်း လျောက် အ သ နား တော် ခံ ရန် မှာ ထား လိုက် သည့် အ တိုင်း၊ Judson Bible ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။ |
ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။
ကျွန်တော်မျိုးမ၏လူမျိုးအပေါ်ကျရောက်မည့်ဘေးဆိုးကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း။ ကျွန်တော်မျိုးမ၏ဆွေမျိုးသားချင်းတို့ ဖျက်ဆီးခံရမည်ကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း”ဟု လျှောက်တင်လေ၏။
ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။
“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊