စပျစ်ဝိုင်ကို ရွှေခွက်များဖြင့်တိုက်၏။ ရွှေခွက်များမှာလည်း တစ်ခွက်နှင့်တစ်ခွက်မတူ။ မင်းကြီးသည် တော်ဝင်စပျစ်ဝိုင်ကို ရက်ရက်ရောရော အလျှံပယ်တိုက်၏။
မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
အ ထူး ထူး အ ပြား ပြား သော ရွှေ ဖ လား များ နှင့်၊ စ ပျစ် ရည် များ စွာ ကို ဘု ရင် မင်း တည် ခင်း သည့် အ လျောက် သောက် ရ ကြ လေ ၏။
ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသောရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏။
ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။
လူတိုင်း စပျစ်ဝိုင်ကို စိတ်တိုင်းကျသောက်ခွင့်ပြုရန် နန်းတော်အရာရှိအပေါင်းတို့အား မှာကြားထားသည်ဖြစ်၍ ထိုအမိန့်တော်အတိုင်း လွတ်လွတ်လပ်လပ် သောက်ရကြ၏။
ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။