ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။
ဧသတာ 1:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။ Common Language Bible မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။- Garrad Bible ထို စ ကား ကို ဘု ရင် မင်း နှင့် မှူး တော် မတ် တော် တို့ နှစ် သက် သ ဖြင့်၊ ဘု ရင် မင်း သည်၊ လူ တိုင်း ကိုယ့် အိမ် ကို အုပ် စိုး၍၊ ထို သို့ အုပ် စိုး ရ ကြောင်း ကိုယ့် ဘာ သာ စ ကား ဖြင့် ကြော် ငြာ ရ မည် ဟူ သော အ မိန့် တော် စာ ကို၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့ ဘာ သာ အ က္ခ ရာ အ လိုက်၊ မ မု ကန် တင် လျှောက် သော စ ကား အ တိုင်း ထုတ် ဆင့် လေ၏။ Judson Bible ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင်ပြုလျက်၊ |
ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။
သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။
အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။
ယောက်ျားတိုင်း ကိုယ့်အိမ်ထောင်ကိုဦးစီးရမည်။ ကိုယ့်လူမျိုး၏ဘာသာစကားကိုသာ ပြောဆိုရမည် ဟူသောအမိန့်စာကို နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားအတိုင်း ရှင်ဘုရင်ပိုင်နယ်မြေဒေသအားလုံးသို့ ပေးပို့၏။
ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။