အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 1:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မမုကန်က ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့တွင် “မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ငြင်းဆန်သည်မဟုတ်။ မှူးမတ်အားလုံးနှင့် အရှင်မင်းကြီးအာရွှေရု၏ပြည်တစ်ပြည်လုံးရှိ ပြည်သူပြည်သားအားလုံးတို့ကိုလည်း ဆန့်ကျင်လေပြီ။ Common Language Bible ထိုအခါမမုကန်သည်မင်းကြီးနှင့်မှူး မတ်တို့အား``ဝါရှတိမိဖုရားသည်ဘုရင် မင်းမြတ်ကိုသာလျှင်စော်ကားသည်မဟုတ် ပါ။ ဘုရင့်မှူးကြီးမတ်ရာတို့ကိုလည်းစော် ကားပေသည်။ အကယ်စင်စစ်သူသည်အင် ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုးသား အပေါင်းတို့ကိုစော်ကားပါ၏။- Garrad Bible ဘု ရင် မင်း နှင့် မှူး တော် မတ် တော် တို့ ရှေ့ မ မု ကန် က၊ မိ ဖု ရား ဝါ ရှ တိ သည်၊ ဘု ရင် မင်း ကို သာ တော် လှန် သည် မ ဟုတ် ပါ။ ဘု ရင် မင်း ပိုင် ပြည် ထောင် တ ကာ ရှိ မှူး မတ် အ ပေါင်း နှင့် ပြည် သူ ပြည် သား အ များ ကို လည်း၊ တော် လှန် ရာ ရောက် ပါ ပြီ။ Judson Bible မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ပြစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီးအာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ရှင်ဘုရင်က သူတို့အား “မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့် အာရွှေရုမင်းကြီးမိန့်မှာသည့်အမိန့်ကိုမနာခံသောကြောင့် သူ့အား ဥပဒေအရ မည်သို့ပြုရမည်နည်း”ဟု မေး၏။
မိဖုရား၏အပြုအမူကို မိန်းမအပေါင်းတို့ကြားသိလျှင် ‘အာရွှေရုမင်းကြီးသည် မိဖုရားဝါရှတိကို ရှေ့မှောက်သို့ အခစားဝင်စေသည်ကိုပင် သူမဝင်’ဟု ပြောဆိုကြပြီး ကိုယ့်ခင်ပွန်းကို မထီမဲ့မြင်ပြုကြလိမ့်မည်။
ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
သို့သော် ပေါလုက “အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏တရားခွင်၌ ရပ်နေသည်ဖြစ်၍ ထိုနေရာတွင် အကျွန်ုပ်ကို စစ်ဆေးစီရင်သင့်ပါသည်။ အရှင်လည်း ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။