အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 1:15 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်က သူတို့အား “မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့် အာရွှေရုမင်းကြီးမိန့်မှာသည့်အမိန့်ကိုမနာခံသောကြောင့် သူ့အား ဥပဒေအရ မည်သို့ပြုရမည်နည်း”ဟု မေး၏။ Common Language Bible မင်းကြီးကသူတို့အား``ငါဇေရဇ်မင်း သည်ငါ၏အစေခံတို့ကိုဝါရှတိမိ ဖုရားထံသို့စေလွှတ်၍ ငါ၏အမိန့်ကို ဆင့်ဆိုစေရာသူသည်ငါ၏အမိန့်တော် ကိုမနာခံပါ။ သို့ဖြစ်၍ငါသည်သူ့အား တရားဥပဒေအရအဘယ်သို့ပြုသင့် ပါသနည်း'' ဟုမေးတော်မူ၏။ Garrad Bible မိန်း မ စိုး တို့ ပြန် ကြား သော ငါ အာ ရွှေ ရု မင်း အ မိန့် တော် အ တိုင်း၊ မ လိုက် မ နာ သော မိ ဖု ရား ဝါ ရှ တိ၌၊ ဓ မ္မ သတ် နှင့် အ ညီ၊ မည် သို့ စီ ရင် ရ မည် နည်း ဟု မေး မြန်း လျှင်၊ Judson Bible မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင်အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သောကြောင့်၊ ဓမ္မသတ်အတိုင်း သူ၌ အဘယ်သို့ စီရင်ရမည်နည်းဟု မေးတော်မူလျှင်၊ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ရှင်ဘုရင်ရှေ့တော်တွင် ခစားရပြီး နိုင်ငံတော်၌ အမြင့်ဆုံးရာထူးရရှိထားသူ၊ ရှင်ဘုရင်နှင့်အနီးကပ်နေရသူများမှာ ပါးရှားပြည်နှင့်မေဒိပြည်အကြီးအကဲခုနစ်ဦးဖြစ်သော ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှု၊ မေရက်၊ မာသေန၊ မမုကန်တို့ဖြစ်ကြ၏။
ထိုအခါ မမုကန်က ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့တွင် “မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ငြင်းဆန်သည်မဟုတ်။ မှူးမတ်အားလုံးနှင့် အရှင်မင်းကြီးအာရွှေရု၏ပြည်တစ်ပြည်လုံးရှိ ပြည်သူပြည်သားအားလုံးတို့ကိုလည်း ဆန့်ကျင်လေပြီ။
ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍