သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
ဧဖက် 5:6 - မြန်မာ့စံမီသမ္မာကျမ်း အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။ Common Language Bible အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။- Garrad Bible ထို အ မှု များ ကြောင့် ဘု ရား သ ခင့် အ မျက် တော် ဒဏ် သည် မ လိုက် နာ သူ တို့ အ ပေါ်၌ သင့် ရောက် သည် ကို ထောက်၍ အ ချည်း နှီး သော စ ကား ဖြင့် လှည့် ဖြား ခြင်း မ ခံ ကြ လင့်။ Judson Bible လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။ |
သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
ဘုရားသခင်၏အမျက်တော်သည် သူတို့အပေါ်သက်ရောက်သဖြင့် သူတို့ထဲမှ အကြံ့ခိုင်ဆုံးသောသူတို့ကို ကွပ်မျက်၍ အစ္စရေးလူပျိုတို့ကို လှဲချတော်မူ၏။
သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။
“သုံ့ပန်းအားလုံးတို့အား ဤသို့မှာလိုက်လော့။ နဟေလံရွာသား ရှေမာယနှင့်ပတ်သက်၍ ထာဝရဘုရားက ရှေမာယသည် သင်တို့ကို ပရောဖက်ပြုဟောပြောလေပြီ။ သူ့ကိုငါစေလွှတ်သည်မဟုတ်။ သူသည် သင်တို့အား မုသားကို ကိုးစားစေပြီဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ခါလဒဲတပ်သည် အပြီးအပိုင်တပ်ဆုတ်သွားကြမည်ဟု ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သူတို့ တပ်ဆုတ်ကြမည်မဟုတ်။
အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
မည်သူမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေနှင့်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်သွေဖည်မှုသည် ဦးစွာဖြစ်လာ၍ ပျက်စီးခြင်း၏သားတည်းဟူသော တရားမဲ့ခြင်းနှင့်ဆိုင်သောသူသည် ထင်ရှားမလာမီ ထိုနေ့ရက်သည် ရောက်လာမည်မဟုတ်။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ရကြ၏။
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။