သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
ဧဖက် 5:5 - မြန်မာ့စံမီသမ္မာကျမ်း တရားနှင့်မညီမေထုန်ပြုသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ဦးမျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း ကောင်းစွာသိမှတ်ကြလော့။ Common Language Bible ကာမဂုဏ်လိုက်စားသူ၊ ညစ်ညမ်းသူ၊ လောဘ လွန်ကူးသူဟူသမျှသည်ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ကြ ရလိမ့်မည်မဟုတ်ကြောင်းသင်တို့သိကြ၏။ (လောဘလွန်ကူးခြင်းသည်ရုပ်တုကိုးကွယ် မှုတစ်မျိုးပင်ဖြစ်သည်။) Garrad Bible မ တ ရား သော မေ ထုန် ပြု သူ၊ ညစ် ညူး သူ၊ ရုပ် ပွား ကိုး ကွယ် သူ ဖြစ် သော လော ဘ ရှိ သူ တစ် ယောက် မျှ ခ ရစ် တော် နှင့် ဘု ရား သ ခင့် နိုင် ငံ တော်၌ အ ပိုင် ရ မည် မ ဟုတ် ကြောင်း သင် တို့ မု ချ သိ ကြ ၏။ Judson Bible မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည့် လောဘလွန်ကြူးသောသူ တစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။ |
သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
ယခု သင်တို့ကို ဘုရားသခင်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တော်၌လည်းကောင်း ငါအပ်နှံ၏။ နှုတ်ကပတ်တော်သည် သင်တို့ကို တည်ဆောက်မြှင့်တင်လျက် သန့်ရှင်းစေခြင်းခံရသောသူအပေါင်းတို့နှင့်အတူ အမွေတော်ကိုရရှိစေနိုင်စွမ်းရှိ၏။
သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
တရားနှင့်မညီမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်းနှင့် လောဘလွန်ကျူးခြင်းတို့ကို သန့်ရှင်းသူများရှောင်သင့်သည့်အတိုင်း သင်တို့ထဲတွင် စကားဖြင့်ပင် မပြောကြနှင့်။
ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။