ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
ဧဖက် 4:3 - မြန်မာ့စံမီသမ္မာကျမ်း ငြိမ်သက်ခြင်း၏စုစည်းနှောင်ဖွဲ့မှုအားဖြင့် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ကြိုးစားထိန်းသိမ်းကြလော့။ Common Language Bible သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။- Judson Bible အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြိမ်းချမ်းခြင်းနှောင်ကြိုးဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ပေးသော စည်းလုံးညီညွတ်ခြင်းကို ကြိုးစား၍ ထိန်းသိမ်းကြလော့။ |
ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
ဝတ်လုံ၌ ခေါင်းစွပ်ရန် လည်ပင်းပေါက်ရှိရမည်။ ထိုလည်ပင်းပေါက်ပတ်ပတ်လည်၌ အနားပတ်ရှိရမည်။ လည်ပင်းပေါက်မစုတ်မပြဲစေရန် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ထိုအနားပတ်ကို ရက်လုပ်ရမည်။
တစ်စုံတစ်ဦးသည် သူတို့တစ်ဦးဦးကိုအနိုင်ယူလျှင်လည်း နှစ်ဦးအားဖြင့် ထိုသူကိုတောင့်ခံနိုင်၏။ သုံးလွန်းတင်သောကြိုးသည် အလွယ်တကူမပြတ်နိုင်။
နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။
သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သင်တို့ကိုခေါ်ယူတော်မူသောအခါ တစ်ပါးတည်းသောမျှော်လင့်ခြင်းသို့ ခေါ်ယူတော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။
သူတို့လုပ်ဆောင်သောအမှုအတွက် မေတ္တာစိတ်နှင့် သူတို့ကိုအထူးတန်ဖိုးထားကြရန်လည်းကောင်း သင်တို့အား ငါတို့တောင်းပန်ကြ၏။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။