ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ဧဖက် 3:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။ Common Language Bible ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းဖြင့်လည်းကောင်း ဘုရားသခင် ထံတော်သို့ရဲဝံ့ယုံကြည်စိတ်ချစွာချဉ်းကပ် ခွင့်ကိုရရှိကြ၏။- Garrad Bible ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။ Judson Bible ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ထိုသခင်နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံသို့ ရဲရင့်မှုနှင့် စိတ်ချယုံကြည်မှုဖြင့် ဝင်ရောက်ချဉ်းကပ်ခွင့်ကို ရရှိကြ၏။ |
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်အားဖြင့် ထိုသို့သောယုံကြည်စိတ်ချမှုရှိကြ၏။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ထို့ကြောင့် သားသမီးတို့၊ ငါတို့သည် ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်တော်ကြွလာတော်မူသည့်အချိန်တွင် ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိစေရန် ကိုယ်တော်၌တည်နေကြလော့။
ချစ်ရသောသူတို့၊ ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်မတင်လျှင် ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြပြီး