အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
ဧဖက် 2:5 - မြန်မာ့စံမီသမ္မာကျမ်း ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။) Common Language Bible ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။- Judson Bible ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။ |
အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်စေ၍ အသက်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေ၏။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။
ငါတို့သည်လည်း ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏”ဟု ပြောဆို၏။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။
အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ငါတို့အားနည်းလျက်ရှိနေကြစဉ် ခရစ်တော်သည် အချိန်တန်သည်နှင့် ဘုရားတရားမဲ့သောသူများအတွက် အသေခံတော်မူ၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
တစ်ချိန်က သင်တို့သည် မိမိတို့၏အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌သေနေကြ၍
အကြောင်းမူကား သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး
အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး
ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။
သခင်ယေရှု၏ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့နှင့်အတူရှိပါစေသော။ အာမင်။