အာဗနာသည် ဟေဗြုန်မြို့၌သေဆုံးသွားပြီဖြစ်ကြောင်းကို ရှောလုမင်းကြီး၏သား ကြားသောအခါ စိတ်ပျက်အားလျော့သွားလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ထိတ်လန့်ကြလေ၏။
ဧဇရ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုပြည်သားတို့သည် ယုဒအမျိုးသားတို့ကို စိတ်အားလျော့စေ၍ အိမ်တော်တည်ဆောက်ရာတွင် အနှောင့်အယှက်ပေးကြ၏။ Common Language Bible ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။- Garrad Bible ထို့ ကြောင့်၊ ပြည် နေ သူ တို့ သည် တည် ဆောက် သော ယု ဒ လူ မျိုး တို့ လက် လျော့၍ အ ထ မ မြောက် စေ ခြင်း ငှာ၊ ပေ ရ သိ ဘု ရင် ကုရု မင်း လက် ထက် မှ ဒါ ရိ မင်း လက် ထက် တိုင် အောင်၊ ရှေ့ ဆောင် ကိုယ် စား လှယ် ငှား လျက် နှောင့် ရှက် ကြ သ တည်း။ Judson Bible ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ယှက်ကြ၏။ |
အာဗနာသည် ဟေဗြုန်မြို့၌သေဆုံးသွားပြီဖြစ်ကြောင်းကို ရှောလုမင်းကြီး၏သား ကြားသောအခါ စိတ်ပျက်အားလျော့သွားလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ထိတ်လန့်ကြလေ၏။
သူတို့သည် ပြည်သားတို့ကိုကြောက်ရွံ့လျက်နှင့်ပင် ယဇ်ပလ္လင်ကို မူလနေရာ၌ တည်ဆောက်ကြ၏။ ထို့နောက် နံနက်အချိန်၊ နေဝင်ချိန်တို့၌ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်များကို ပူဇော်ကြ၏။
ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။
ရန်သူတို့ကလည်း “သူတို့မသိလိုက်ချိန်မှာ သူတို့ထဲသို့ဝင်၍ သူတို့ကိုသတ်ပစ်မည်။ သူတို့အလုပ်ကို ရပ်တန့်စေမည်”ဟု ဆိုကြ၏။
သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။
သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
ပါးရှားနိုင်ငံစောင့်မင်းသည် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ငါ့ကိုဆီးတားနှောင့်ယှက်ခဲ့၏။ ငါ့ကို ပါးရှားဘုရင်တို့ထံ၌ ထားခဲ့သောကြောင့် အထွတ်အမြတ်မင်းစုထဲမှတစ်ပါးဖြစ်သောမိက္ခေလသည် ငါ့ကို လာရောက်ကူညီခဲ့ရ၏။
ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။