ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
ဧဇရ 4:14 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် နန်းတော်၌အခစားသူများဖြစ်သည်နှင့်အညီ အရှင်မင်းကြီး၏ဂုဏ်သရေညှိုးနွမ်းမည်ကို မမြင်လိုပါ။ ထို့ကြောင့် အရှင်မင်းကြီးထံ လျှောက်ထားအကြောင်းကြားရခြင်း ဖြစ်ပါ၏။ Common Language Bible ``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။- Garrad Bible ကျွန် တော် မျိုး တို့ သည်၊ သ စ္စာ တော် ဓား ကို ခံ ရ သူ များ ဖြစ် သည် နှင့် အ ညီ၊ အ ကျိုး တော် ယုတ် မည် ကို မ ရှု စိတ် နိုင် သော ကြောင့်၊ Judson Bible ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသောသူ ဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မနေသင့်သောကြောင့်၊ ဘိုးတော်ဘေးတော်တို့၏ မှတ်စာကို စစ်ကြောတော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။ |
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။