ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
ရွှေ ဒင်္ဂါး ခြောက် သောင်း တစ် ထောင်၊ ငွေ ချိန် ခွက် နှစ် ထောင့် ငါး ရာ များ နှင့်၊ သင်္ကန်း စုံ တစ် ရာ ကို၊ ဘ ဏ္ဍာ တိုက် သို့ သ ဒ္ဓိ န္ဒြေ ဖြင့် သွင်း လှူ ကြ၏။
တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါး ခြောက်သောင်းတစ်ထောင်၊ ငွေအခွက် ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတစ်ရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။