သုံ့ပန်းသားမြေးတို့မူကား ဝန်ခံကြ၏။ ယဇ်ပုရောဟိတ်ဧဇရသည်လည်း အိမ်ထောင်စုအကြီးအမှူးတို့ကို ဘိုးဘေးတို့မျိုးနွယ်အလိုက် အားလုံးကိုနာမည်နှင့်တကွ သီးခြားခွဲထားပြီးလျှင် ဒသမလ၊ တစ်ရက်နေ့၌ အမှုကိုစစ်ဆေးရန် စုဝေးကြ၏။
ဧဇရ 10:17 - မြန်မာ့စံမီသမ္မာကျမ်း ပထမလ၊ တစ်ရက်နေ့တွင် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်သောသူအားလုံး၏အမှုကို စီရင်ပြီးစီး၏။ Garrad Bible ပ ဌ မ လ တစ် ရက် နေ့ မ တိုင် မီ၊ မျိုး ခြား မိန်း မ နှင့် ထိမ်း မြား သူ တို့ အ မှု ပြီး စီး လေ၏။ Judson Bible တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သောသူ အပေါင်းတို့ကို ပထမလတစ်ရက်နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင်ကြ၏။ |
သုံ့ပန်းသားမြေးတို့မူကား ဝန်ခံကြ၏။ ယဇ်ပုရောဟိတ်ဧဇရသည်လည်း အိမ်ထောင်စုအကြီးအမှူးတို့ကို ဘိုးဘေးတို့မျိုးနွယ်အလိုက် အားလုံးကိုနာမည်နှင့်တကွ သီးခြားခွဲထားပြီးလျှင် ဒသမလ၊ တစ်ရက်နေ့၌ အမှုကိုစစ်ဆေးရန် စုဝေးကြ၏။
ယဇ်ပုရောဟိတ်သားမြေးတို့တွင် ယောဇဒက်၏သားဖြစ်သော ယေရွှာ၏သားများနှင့် ယေရွှာ၏ညီအစ်ကိုများဖြစ်သော မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသည်ကို တွေ့ရှိရ၏။