ယခုမှာ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ဝန်ချတောင်းပန်၍ အလိုတော်ကို ဆောင်ကြလော့။ ဤပြည်သူပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသားမိန်းမတို့နှင့်လည်းကောင်း ခွဲနေကြလော့”ဟု ဆို၏။
ဧဇရ 10:12 - မြန်မာ့စံမီသမ္မာကျမ်း လူထုတစ်ရပ်လုံးကလည်း ကျယ်လောင်သောအသံဖြင့် “မှန်ပါ၏။ အကျွန်ုပ်တို့သည် အရှင့်စကားအတိုင်း ပြုပါမည်။ Common Language Bible လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။- Garrad Bible တစ် ပ ရိ သတ် လုံး အော် ဟစ် ဝန် ခံ ကြ သည် မှာ၊ ကိုယ် တော် မိန့် ဆို သည့် အ လျောက် ပြု သင့် လှ ပါ၏။ Judson Bible ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။ |
ယခုမှာ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ဝန်ချတောင်းပန်၍ အလိုတော်ကို ဆောင်ကြလော့။ ဤပြည်သူပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသားမိန်းမတို့နှင့်လည်းကောင်း ခွဲနေကြလော့”ဟု ဆို၏။
သို့သော် လူများ၍ မိုးရာသီလည်းဖြစ်သောကြောင့် ကွင်းပြင်တွင် ရပ်နိုင်မည်မဟုတ်ပါ။ ဤအပြစ်ကိုကျူးလွန်သူ များသောကြောင့် ဤအမှုသည် တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်ပါ။
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
မိမိတို့ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ လိမ်ကောက်သောလေးကဲ့သို့ အသုံးမကျသောသူများလည်းဖြစ်ကြ၏။