သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
အာမုတ် 5:23 - မြန်မာ့စံမီသမ္မာကျမ်း သင်၏သီချင်းသံများကို ငါ့ထံမှ ဖယ်ရှားလော့။ သင်၏စောင်းသံကိုလည်း ငါနားမထောင်လို။ Common Language Bible ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။- Garrad Bible သင် တို့ ကျူး ဧ သံ ကို ပြတ် စဲ ကြ လော့။ စောင်း တီး သံ ကို လည်း ငါ နား မ ညောင်း။ Judson Bible သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။ |
သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
တရားမျှတခြင်းကို မြစ်ရေသဖွယ် စီးဆင်းစေလော့။ ဖြောင့်မတ်ခြင်းကိုလည်း ချောင်းရေသဖွယ် အစဉ်စီးဆင်းစေလော့။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။