ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက် ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
အာမုတ် 3:4 - မြန်မာ့စံမီသမ္မာကျမ်း ခြင်္သေ့သည် သားကောင်မတွေ့ဘဲ တောထဲတွင် ဟိန်းနေမည်လော။ ခြင်္သေ့ပျိုသည် မည်သည့်သားကောင်မှ မဖမ်းမိဘဲ တွင်းထဲတွင်မာန်ဖီနေမည်လော။ Common Language Bible ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။ ခြင်္သေ့ပျိုသည်ဘယ်အရာကိုမျှမဖမ်းမိ ဘဲ မိမိဂူအတွင်း၌အကြောင်းမဲ့ကြုံး ဝါးနေမည်လော။ Garrad Bible သား ကောင် မ ရှိ ဘဲ၊ တော၌ ခြင်္သေ့ ဟောက် ခြင်း၊ Judson Bible ခြင်္သေ့သည် ဖမ်းစရာမရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဖမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။ |
ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက် ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
မြေပေါ်မှာ ထောင်ချောက်မထောင်ဘဲ ငှက်ကိုမိမည်လော။ မည်သည့်သားကောင်မှ မမိဘဲ ကျော့ကွင်းသည် မြေပေါ်မှမြောက်တက်သွားမည်လော။
ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။