နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မာဇိ တို့ဖြစ်ကြ၏။
ဟ္ဂဲ 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုလ၊ နှစ်ဆယ့်လေးရက်နေ့တွင်ပင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲထံ ဒုတိယအကြိမ်ရောက်လာ၍ Common Language Bible ထိုလနှစ်ဆယ့်လေးရက်နေ့၌ပင်လျှင် ဒုတိယအကြိမ်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ဟ္ဂဲအား၊- Garrad Bible ထို နှစ် ဆယ့် လေး ရက် တွင် ဟ ဂ္ဂဲ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ Judson Bible ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့တစ်ဖန်ရောက်လာ၍၊ |
နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မာဇိ တို့ဖြစ်ကြ၏။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ထိုအချိန်သည် ဒါရိမင်းကြီးနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့ ဖြစ်၏။
သတ္တမလ၊ နှစ်ဆယ့်တစ်ရက်နေ့တွင် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရောက်လာ၍
တစ်ဖန် ဒါရိမင်းကြီး နန်းစံ ဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲထံသို့ ရောက်လာ၍
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုလဟုခေါ်သော နဝမလ၊ လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါဇာခရိထံသို့ ရောက်လာပြန်၏။