ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဟ္ဂဲ 2:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဒါရိမင်းကြီး နန်းစံ ဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲထံသို့ ရောက်လာ၍ Common Language Bible ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။ Garrad Bible ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ န ဝ မ လ၊ နှစ် ဆယ့် လေး ရက် တွင် ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း ပ ရော ဖက် ဟ ဂ္ဂဲ က Judson Bible ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊ |
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ထိုအချိန်သည် ဒါရိမင်းကြီးနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့ ဖြစ်၏။
ယနေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။ ထာဝရဘုရား၏ဗိမာန်တော်ကို အုတ်မြစ်ချသောနေ့၊ နဝမလ နှစ်ဆယ့်လေးရက်နေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
ထိုလ၊ နှစ်ဆယ့်လေးရက်နေ့တွင်ပင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲထံ ဒုတိယအကြိမ်ရောက်လာ၍
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍