သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
ဟေရှာယ 7:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ဘုရားရှင်သည် ယူဖရေးတီးမြစ်တစ်ဖက်မှ အဆီးရီးယားဘုရင်တည်းဟူသော သင်တုန်းဓားကိုငှား၍ ခေါင်းနှင့်ခြေမွေးကို ရိတ်တော်မူလိမ့်မည်။ မုတ်ဆိတ်ကိုလည်း သုတ်သင်တော်မူလိမ့်မည်။ Common Language Bible ``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။ Garrad Bible ထို ကာ လ အ ရှင် ဘု ရား သည် မြစ် ကြီး တစ် ဘက် မှ ငှား ခဲ့ သည် သင် တုန်း တည်း ဟူ သော၊ အာ ရှု ရိ ဘု ရင် ဖြင့်၊ ခေါင်း မွေး၊ ခြေ မွေး ရိတ် သည့် ပြင် မုတ် ဆိတ် ကို လည်း ရိတ် ဖြတ် လ တ္တံ့။ Judson Bible ထိုကာလတွင် မြစ်ကြီးတစ်ဖက်၌ နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှားသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။ |
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။
ဟေဇကိမင်းကြီးနန်းစံတစ်ဆယ့်လေးနှစ်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် ယုဒပြည်၏ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းပိုက်လေ၏။
ကြည့်ရှုလော့။ ဘုရားရှင်သည် အဆီးရီးယားဘုရင်နှင့် သူ၏အင်အားရှိသမျှတည်းဟူသော အဟုန်ပြင်း၍များပြားသော မြစ်ရေတို့ကို သူတို့ထံရောက်စေတော်မူမည်။ မြစ်ချောင်း၊ ကမ်းပါးရှိသမျှကို ဖုံးလွှမ်းလျှံတက်သွားလိမ့်မည်။
သို့သော် လူမျိုးတော်သည် မိမိအား ဒဏ်ခတ်တော်မူသောအရှင်ထံသို့ ပြန်မလာ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို မရှာ။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။
သူသည် ငါ့အဖို့ အမှုကိုဆောင်လေပြီ။ ထို့ကြောင့် သူလုပ်ဆောင်ခဲ့သောအမှုအတွက် အဖိုးအခအဖြစ် အီဂျစ်ပြည်ကို သူ့အားပေးမည်’ဟု မိန့်တော်မူ၏။