ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
ဟေရှာယ 50:8 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုသောသူသည် အနီးတွင်ရှိ၏။ မည်သူသည် ငါ့ကို ဆန့်ကျင်ဘက်ပြုမည်နည်း။ ငါတို့ အတူတကွ မတ်တတ်ရပ်ကြမည်။ မည်သူသည် ငါနှင့်တရားဆိုင်မည်နည်း။ သူသည် ငါ့ထံသို့လာပါစေ။ Common Language Bible ဘုရားသခင်သည်ငါ၏အနီးတွင်ရှိတော်မူ၍၊ ငါ၌အပြစ်မဲ့ပုံကိုသက်သေခံအထောက်အထား ပြတော်မူမည်ဖြစ်သဖြင့်၊ ငါသည်အသရေပျက်ရလိမ့်မည်မဟုတ်ကြောင်းကို သိပါ၏။ ငါ့အားစွပ်စွဲပြောဆိုရဲသူတစ်စုံတစ်ယောက်ရှိပါမူ၊ ရုံးတော်သို့သွားကြကုန်အံ့။ ထိုသူသည်မိမိ၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ပါစေ။ Garrad Bible ငါ့ ကို ဖြောင့် မှန် သည် ဟု စီ ရင် သော အ ရှင် နီး သည့် အ တွက်၊ ငါ နှင့် ဘက် ပြိုင် ဝံ့ သူ ကား မည် သူ နည်း။ စုံ ညီ ရပ် ကြ ကုန် အံ့။ တ ရား ဘက် ကား မည် သူ နည်း။ ချဉ်း ကပ် ပါ စေ။ Judson Bible ငါ့ကို အပြစ်လွှတ်သောသူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့် ရန်ဘက်ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။ |
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ၏။ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည်လည်း မှန်ကန်ပါ၏။
နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
“သင်တို့၏အမှုကို တင်ပြကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “သင်တို့၏ခိုင်လုံသောသက်သေတို့ကို ယူဆောင်လာကြလော့”ဟု ယာကုပ်အမျိုး၏ရှင်ဘုရင်မိန့်တော်မူ၏။
ငါ့ကို သတိပေးလော့။ အတူတကွ တရားဆိုင်ကြစို့။ သင်ဖြောင့်မတ်ကြောင်း တင်ပြလော့။
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
အမှုအခင်းဖြစ်သော ထိုသူနှစ်ဦးသည် ထာဝရဘုရားရှေ့၊ ယဇ်ပုရောဟိတ်နှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူတို့ရှေ့တွင် ရပ်ရမည်။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။