ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
မိမိ၏မိဘများအား``အဘယ်ကြောင့် ကျွန်တော့်ကိုဤသို့မွေးထုတ်ကြပါ သနည်း'' ဟု ဆိုဝံ့သူရှိပါသလော။
အ ဖ ဖြစ် သူ အား၊ မည် သည့် အ ရာ ကို ဖြစ် စေ သ နည်း ဟူ၍ လည်း ကောင်း၊ မိန်း မ ဖြစ် သူ အား၊ မည် သည့် အ ရာ ကို ဖွား မြင် သ နည်း ဟူ၍ လည်း ကောင်း ကဲ့ ရဲ့ သော သူ သည် အ မင်္ဂ လာ ရှိ၏။
မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ပွားစေသနည်း ဟူ၍လည်းကောင်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဖွားသနည်း ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ ထိုလူမျိုးကိုပုံဖော်ဖန်ဆင်းသော ထာဝရဘုရားက “ဖြစ်လာမည့်အရာတို့နှင့်ပတ်သက်၍ ငါ့ကို မေးခွန်းထုတ်ကြသလော။ ငါ့သားသမီးတို့နှင့်ပတ်သက်၍၊ ငါ့လက်ပြုသောအမှုနှင့်ပတ်သက်၍ ငါ့ကို အမိန့်ပေးကြသလော။
မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။