သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
ဟေရှာယ 43:26 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို သတိပေးလော့။ အတူတကွ တရားဆိုင်ကြစို့။ သင်ဖြောင့်မတ်ကြောင်း တင်ပြလော့။ Common Language Bible ``တရားရုံးတော်သို့ငါတို့သွားကြကုန်အံ့။ သင်တို့၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ကြလော့။ သင်တို့ဘက်မှမှန်ကန်ကြောင်းသက်သေခံ အထောက်အထားပြနိုင်ရန်၊ သင်တို့၏အမှုကိုတင်ပြကြလော့။ Garrad Bible ငါ့ ကို အ မှတ် ရ ပါ စေ။ တ ရား ဆိုင် ကြ ကုန် အံ့။ သင် သည် ဖြောင့် မှန် ရာ ရောက် အောင် လဲ လျှောက် လော့။ Judson Bible ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။ |
သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။ မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။
ငါ့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုသောသူသည် အနီးတွင်ရှိ၏။ မည်သူသည် ငါ့ကို ဆန့်ကျင်ဘက်ပြုမည်နည်း။ ငါတို့ အတူတကွ မတ်တတ်ရပ်ကြမည်။ မည်သူသည် ငါနှင့်တရားဆိုင်မည်နည်း။ သူသည် ငါ့ထံသို့လာပါစေ။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။