ငါလျှောက်သည့်လမ်းကို ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။
ဟေရှာယ 41:21 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့၏အမှုကို တင်ပြကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “သင်တို့၏ခိုင်လုံသောသက်သေတို့ကို ယူဆောင်လာကြလော့”ဟု ယာကုပ်အမျိုး၏ရှင်ဘုရင်မိန့်တော်မူ၏။ Common Language Bible ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက ``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။ သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။ အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊ နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။ Garrad Bible သင် တို့ အ မှု ကို သွင်း ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ ချေ ပ ချက် များ ကို တင် ပြ ကြ လော့ ဟု ယာ ကုပ် အ မျိုး၏ ဘု ရင် မိန့် တော် မူ၏။ Judson Bible သင်တို့၏အမှုကို စောင့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ရှင်ဘုရင် မိန့်တော်မူ၏။ |
ငါလျှောက်သည့်လမ်းကို ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
ငါထာဝရဘုရားသည် သင်တို့၏သန့်ရှင်းသောအရှင်၊ အစ္စရေးလူမျိုးကိုဖန်ဆင်းသောအရှင်၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏”ဟု မိန့်တော်မူ၏။
လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။