ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ဟေရှာယ 41:12 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ရန်မူသောသူတို့ကို သင်ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။ သင့်ကို တိုက်ခိုက်သောသူတို့သည် ဘာမျှမဟုတ်သောသူ၊ အရာမရောက်သောသူကဲ့သို့ ဖြစ်သွားကြလိမ့်မည်။ Common Language Bible သူတို့သည်ကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားကြလိမ့်မည်။ Garrad Bible ရန် မူ သူ တို့ ကို သင် ရှာ၍ မ တွေ့ ရ။ စစ် ဘက် သူ တို့ လည်း အ လ ဟဿ အ သေး အ နုပ် ရောက် ကြ လိမ့် မည်။ Judson Bible သင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ |
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ဆာလောင်မွတ်သိပ်သောသူသည် အိပ်မက်ထဲ၌ စားရသည်ဟုမက်သော်လည်း နိုးလာသောအခါ ဆာလောင်လျက်ပင်ရှိသကဲ့သို့၊ ရေငတ်သောသူသည် အိပ်မက်ထဲ၌ ရေသောက်ရသည်ဟုမက်သော်လည်း နိုးလာသောအခါ မောပန်း၍ရေဆာလျက်ပင်ရှိသကဲ့သို့ ဇိအုန်တောင်ကိုတိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်းတို့သည် ဖြစ်လိမ့်မည်။
နိုင်ငံတော်ဟု ခေါ်ရလောက်အောင် ထိုပြည်၌ မှူးမတ်မရှိ၊ ဘာမျှမရှိ။ ထိုပြည်၏အကြီးအကဲအပေါင်းတို့သည် အရာရောက်တော့မည်မဟုတ်။
ထာဝရဘုရားက “အကယ်စင်စစ် ငါသည် စစ်သူရဲဖမ်းခေါ်သွားသောသူကို ဆောင်ယူခဲ့မည်။ ကြမ်းကြုတ်သောသူထံမှ လုယူပစ္စည်းကို ပြန်သိမ်းယူမည်။ သင့်ကိုရန်ပြုသောသူအား ငါကိုယ်တော်တိုင် ရန်ပြုမည်။ သင်၏သားသမီးတို့ကို ငါကိုယ်တော်တိုင် ကယ်တင်မည်။
သင့်အား နှိပ်စက်ခဲ့သောသူအပေါင်းတို့ကို ထိုနေ့ရက်တွင် ငါစီရင်မည်။ ခြေမသန်သူတို့ကို ငါကယ်တင်မည်။ နှင်ထုတ်ခံရသူတို့ကို ပြန်လည်စုစည်း၍ သူတို့အရှက်ရခဲ့သောပြည်အသီးသီးတို့၌ သူတို့ကို အချီးမွမ်းခံရသူများ၊ ကျော်ကြားသူများ ဖြစ်စေမည်။