ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
ဟေရှာယ 38:6 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ငါကယ်တင်မည်။ ဤမြို့ကို ငါကာကွယ်မည်။ Common Language Bible ငါသည်သင်နှင့်ဤယေရုရှလင်မြို့ကို အာရှုရိဧကရာဇ်၏လက်မှကယ်ဆယ်မည်။ ဤမြို့ကိုဆက်လက်၍ကာကွယ်စောင့်ရှောက် မည်ဟုဟေဇကိမင်းအားပြောကြားလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ဤ မြို့ ကို ကွယ် ကာ လျက် သင် နှင့် တ ကွ၊ အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ မည်။ Judson Bible သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ |
ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။