မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
ဟေရှာယ 37:6 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။ Common Language Bible ဟေရှာယသည်``ထာဝရဘုရားကမိမိ အား အာရှုရိအမျိုးသားတို့၏စော်ကား ပြောဆိုသည့်စကားများအတွက် စိတ် အနှောင့်အယှက်မဖြစ်ရန်သင့်အားမိန့် မှာတော်မူပါ၏။- Garrad Bible ဟေ ရှာ ယ က ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား ငါ့ ကို ပုတ် ခတ် သော သင် ကြား ရ သည့် အာ ရှု ရိ ဘု ရင်၏ ကျေး ကျွန် တို့ စ ကား များ ကြောင့်၊ မ ကြောက် လင့်။ Judson Bible ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။ |
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။
သို့သော် ယေရှုသည် ထိုစကားကိုဂရုမပြုဘဲ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား“မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။