မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ဟေရှာယ 37:34 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။ Common Language Bible အာရှုရိမင်းသည်မိမိလာလမ်းဖြင့်ပြန်ရ လိမ့်မည်။ သူသည်မြို့ထဲသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဤကား၊ ငါထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။- Garrad Bible ငါ ဘု ရား အ တွက်၊ ကျွန် တော် ရင်း ဒါ ဝိဒ် အ တွက်၊ ဤ မြို့ ကို ငါ ကွယ် ကာ၍ အာ ရှု ရိ ဘု ရင် ချဉ်း ကပ် ခွင့် မ ရ ဘဲ၊ လာ လမ်း ဖြင့် ပြန် ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ကြား လိုက် လေ ၏။ Judson Bible လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ |
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
နားမလည်နိုင်အောင် ထူးဆန်းသောဘာသာစကားပြောဆိုသော၊ နားမလည်နိုင်အောင် မပီမသစကားပြောဆိုသော ရိုင်းစိုင်းသည့်လူမျိုးကို သင်တွေ့ရတော့မည်မဟုတ်။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။