ဗင်္ဟာဒဒ်မင်းကြီးသည် မြို့ထဲရှိအစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ တမန်ကိုစေလွှတ်၍
ဟေရှာယ 36:2 - မြန်မာ့စံမီသမ္မာကျမ်း အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။ Common Language Bible ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။- Garrad Bible ယေ ရု ရှ လင် မြို့၊ ဟေ ဇ ကိ မင်း ထံ သို့ လာ ခိ ရှ မြို့ မှ၊ ရာ ဗ ရှာ ခ ဘွဲ့ ခံ ဗိုလ် မင်း ကို များ စွာ အ လုံး အ ရင်း နှင့် တ ကွ၊ ချီ တက် စေ သည့် အ တိုင်း၊ ခ ဝါ သည့် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ နား တွင် စွဲ ရပ် ပြီး လျှင်၊ Judson Bible ရာဗရှာခကိုခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည်ရောက်၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏။ |
ဗင်္ဟာဒဒ်မင်းကြီးသည် မြို့ထဲရှိအစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ တမန်ကိုစေလွှတ်၍
အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
ယခု ငါ၏သခင်အဆီးရီးယားဘုရင်နှင့် လာ၍ညှိနှိုင်းလော့။ သင်၌ မြင်းစီးသူရဲ အလုံအလောက်ရှိလျှင် သင့်ကို မြင်းအကောင်နှစ်ထောင် ငါပေးမည်။
ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။
အို လာခိရှမြို့သူ၊ မြင်းကို စစ်ရထား၌ ကလော့။ သင်သည် ဇိအုန်သမီးပျို အပြစ်ပြုရာအရင်းအမြစ်ဖြစ်၏။ အကြောင်းမူကား အစ္စရေးလူမျိုး ကျူးလွန်သောအပြစ်များကို သင်၌တွေ့ရ၏။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။