ထိုသူကလည်း “ငါသည် ကုသနိုင်သောသူမဟုတ်။ ငါ့အိမ်၌ အစားအစာလည်းမရှိ။ အဝတ်အစားလည်းမရှိ။ ငါ့ကို လူတို့အား ဦးဆောင်သူမဖြစ်စေကြနှင့်”ဟု ထိုနေ့ရက်တွင်ပင် ပြန်ပြောလိမ့်မည်။
ဟေရှာယ 3:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူသည် မိသားစုထဲမှ မိမိ၏ညီအစ်ကိုကို ကိုင်ဆွဲပြီး “သင်၌ အဝတ်အစားရှိသေး၏။ ငါတို့ကို ဦးဆောင်ပေးပါ။ ဤအပျက်အစီးများကို သင်အုပ်စိုးပါ”ဟု ဆိုလိမ့်မည်။ Common Language Bible သားချင်းစုဝင်တို့သည်မိမိတို့အထဲမှ လူတစ်စုံတစ်ယောက်ကိုရွေးချယ်ကာ``ယုတ်စွ အဆုံးသင့်မှာအဝတ်အစားရှိပါသေးသည်။ သို့ဖြစ်၍ယခုလိုဒုက္ခရောက်ချိန်၌ငါတို့ ၏ဦးစီးခေါင်းဆောင်ပြုလုပ်ပေးပါ'' ဟုဆို ကြသည့်အချိန်ကျရောက်လာလိမ့်မည်။ Garrad Bible ထို ကာ လ၊ လူ တစ် ဦး သည် အ ဘ အိမ် တွင်၊ ညီ အစ် ကို ချင်း ကို ကိုင် ဆွဲ လျက်၊ သင်၌ အ ဝတ် ရှိ သေး သည် နှင့်၊ ငါ တို့ အ ပေါ် တွင် မင်း ပြု၍၊ ဤ ပြည် ပျက် ကို လက် ခံ ပါ ဟု တောင်း ပန် သော် လည်း ငါ မ ပြု စု။ Judson Bible ထိုကြောင့်၊ လူသည် ပေါက်ဖော်ချင်းညီအစ်ကိုကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ်တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊ |
ထိုသူကလည်း “ငါသည် ကုသနိုင်သောသူမဟုတ်။ ငါ့အိမ်၌ အစားအစာလည်းမရှိ။ အဝတ်အစားလည်းမရှိ။ ငါ့ကို လူတို့အား ဦးဆောင်သူမဖြစ်စေကြနှင့်”ဟု ထိုနေ့ရက်တွင်ပင် ပြန်ပြောလိမ့်မည်။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။