သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
ဟေရှာယ 25:10 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။ Common Language Bible ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည်၊ ဤ တောင် ပေါ် မှာ လက် တော် တင် လျက်၊ နောက် ချေး ရွှံ့ အိုင် ၌ ကောက် ရိုး ကို ချ နင်း တတ် သ ကဲ့ သို့၊ မော ဘ သည် ကိုယ့် နေ ရပ်၌ ချ နင်း ခံ ရ သ ဖြင့်၊ Judson Bible အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်သည် ဤတောင်ပေါ်မှာငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ဗွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။ |
သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
မာဒမေနမြို့သည် ထွက်ပြေးပြီ။ ဂေဗိပ်မြို့သားတို့သည် လုံခြုံရာသို့ပြေးပြီ။
သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
သူတို့သည် အနောက်အရပ်ရှိဖိလိတ္တိလူမျိုးတို့ကို အနောက်မှတိုက်ခိုက်လိမ့်မည်။ အရှေ့ပြည်သားတို့ကိုလည်း အတူတကွ လုယူလိမ့်မည်။ မိမိတို့လက်ကို ဧဒုံပြည်၊ မောဘပြည်ပေါ်သို့ ရောက်စေလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏လက်အောက်ခံဖြစ်ရလိမ့်မည်။
အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
တစ်ဖန် ထာဝရဘုရားက “သူရင်းငှား၏နှစ်ကာလအရ သုံးနှစ်အတွင်း မောဘပြည်၏ဘုန်းအသရေသည် လူထုကြီးနှင့်အတူ ရှုတ်ချခြင်းခံရမည်။ လူအနည်းငယ်သာကြွင်းကျန်၍ အားနည်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
မောဘ၏မာနကို ငါတို့ကြားသိ၏။ အလွန်ကြီးသောမာနဖြစ်၏။ သူ၏မာန်မာနကြီးခြင်း၊ သူ၏ထောင်လွှားခြင်း၊ သူ၏ဒေါသတို့သည် ဘာမျှမဟုတ်။ ဝါကြွားခြင်းသာ ဖြစ်၏။
ထာဝရဘုရားက “ငါသည် တောက်ပသောနေအပူရှိန်ကဲ့သို့၊ ပူပြင်းသောရိတ်သိမ်းချိန်၌ ကျသောနှင်းထုကဲ့သို့ ငါကိန်းဝပ်ရာအရပ်မှ တိတ်ဆိတ်စွာ ငါကြည့်ရှုမည်”ဟု ငါ့အား ထိုသို့မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
ခြေသည် ထိုမြို့ကိုနင်းချေလိမ့်မည်။ အဖိနှိပ်ခံရသောသူတို့၏ခြေ၊ ဆင်းရဲသောသူတို့၏ခြေတို့သည် ထိုမြို့ကိုနင်းချေလိမ့်မည်”ဟု သီဆိုကြလိမ့်မည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
ဘုရားသခင်သည် ငါ့စစ်သူရဲအားလုံးကို နင်းချေတော်မူပြီ။ စစ်သည်အလုံးအရင်းကို ဆင့်ခေါ်၍ ငါ၏လူငယ်တို့ကို ဖျက်ဆီးစေတော်မူပြီ။ ယုဒသမီးပျိုကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့်
မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင်ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။