အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 23:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို အမေ့​ခံရ​သော​ပြည့်တန်ဆာမ​၊ စောင်း​ကို​ယူ​၍ မြို့​ထဲတွင်​လှည့်ပတ်​လော့​။ သာသာယာယာ​တီးခတ်​လော့​။ သီချင်း​များများ​သီဆို​လော့​။ သို့မှ သင့်​ကို သတိရ​ကြ​မည်​။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​သူ​မျှ မ​အောက်​မေ့​သော ပြည့်​တန်​ဆာ​မိန်း​မ၊ စောင်း​ကို​ကိုင်၍ မြို့​တွင်​လှည့်​လည်​လော့။ သူ​တစ်​ပါး​တို့​သည် သင့်​ကို သ​တိ​ရ​စေ​ခြင်း​ငှာ၊ သာ​ယာ​သော​အ​သံ​နှင့် တီး၍၊ သီ​ချင်း​ကို များ​စွာ​ဆို​လော့။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 23:16
6 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​၌ တိုင်ရာ​မြို့​သည် ရှင်ဘုရင်​တစ်​ပါး​၏​နန်းသက်​အတိုင်း နှစ်​ပေါင်း​ခုနစ်ဆယ် မေ့လျော့​ခြင်း​ခံရ​မည်​။ နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​၌ တိုင်ရာ​မြို့​သည် သီချင်း​ထဲက ပြည့်တန်ဆာမ​ကဲ့သို့ ဖြစ်​မည်​။


နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​တွင် ထာဝရဘုရား​သည် တိုင်ရာ​မြို့​ကို အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထို​မြို့​သည် တစ်ဖန် အခကြေးငွေ​နောက်​သို့ လိုက်​ပြန်​၍ ကမ္ဘာ​မြေပြင်​ပေါ်​ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​နှင့် ကာမဂုဏ်ခံစား​လိမ့်မည်​။


သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။


‘ငါ​သည် သီချင်း​သံ​ကို ဆိတ်သုဉ်း​စေ​မည်​။ စောင်း​သံ​ကို​လည်း သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။


အကြောင်းမှာ သူ​သည် ရာဂစိတ်​ပြင်းထန်​သော​ပြည့်တန်ဆာမ​၊ အဆင်းလှ​၍ ပြုစား​တတ်​သော​မှော်ဆရာမ ဖြစ်​သည်​နှင့်အညီ ပြည့်တန်ဆာအလုပ်​၊ မှော်အတတ်​တို့​ဖြင့် လူ​အမျိုးမျိုး​အနွယ်နွယ်​တို့​ကို ကျွန်ပြု​သောကြောင့် ဖြစ်​၏​။