ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးမိနာ့ပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
ဟေရှာယ 22:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ယုဒပြည်၏အကာအရံကို ဖယ်ရှားတော်မူပြီ။ ထိုနေ့ရက်တွင် သင်သည် တောနန်းတော်ရှိလက်နက်ကို ကြည့်ရှုခဲ့၏။ Common Language Bible ယုဒပြည်၏ခံတပ်ရှိသမျှတို့သည်ကား ပြိုပျက်၍သွားလေပြီ။ ထိုအခါသင်၏လူတို့သည်လက်နက်တိုက် မှလက်နက်များကိုထုတ်ယူကြ၏။- Garrad Bible ယု ဒ ပြည် အ ကွယ် အ ကာ ကို ဖွင့် လှစ် သည့် နေ့၌၊ လေ ဗ နုန် တော ခေါ် နန်း တော် ရှိ လက် နက် စုံ ကို ရှု ကြည့် ခြင်း၊ Judson Bible ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံသိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။ |
ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးမိနာ့ပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိသော လက်ဘနွန်တောစံနန်းဆောင်ကို တည်ဆောက်၏။ သစ်ကတိုးသားတိုင်လေးတန်းတန်းပြီး ထိုတိုင်များပေါ်တွင် ရက်မများကို တင်ထား၏။
သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
သင်၏အကောင်းဆုံးချိုင့်ဝှမ်းတို့သည် စစ်ရထားနှင့်ပြည့်၏။ မြင်းစီးသူရဲတို့သည် မြို့တံခါး၌ အခိုင်အမာနေရာယူကြ၏။