အချင်းလူ၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် သင့်ကို ကြမ်းတမ်းစွာလွှင့်ပစ်တော်မူမည်။ သင့်ကို မြဲမြဲကိုင်ထား၍
သင်သည်အရေးပါအရာရောက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ သို့ရာတွင်ထာဝရ ဘုရားသည် သင့်အားဆွဲကိုင်၍ပစ်ထုတ် တော်မူလိမ့်မည်။-
အို စွမ်း အား ကြီး သူ၊ ထာ ဝ ရ ဘု ရား သည် သင့် ကို ပြင်း စွာ ထုတ် ပစ် တော် မူ လိမ့် မည်။ မု ချ ဖမ်း ဆီး ကိုင် ငင် ပြီး လျှင်။
ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊
ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။
ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
ဘောလုံးကို လှိမ့်သကဲ့သို့ ကျယ်သောပြည်သို့ သင့်ကို အရှိန်နှင့်လှိမ့်တော်မူမည်။ သင်သည် ထိုပြည်၌ သေရမည်။ ဂုဏ်သရေရှိသော သင်၏စစ်ရထားတို့သည် သင့်သခင်တို့၏အမျိုးအနွယ်အတွက် ထိုပြည်၌ အရှက်ကွဲစရာဖြစ်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထိုကာလတွင် ငါသည် ပြည်သားတို့ကို လွှင့်ပစ်မည်။ သူတို့ကို ငါဒုက္ခရောက်စေမည်။ သူတို့အဖမ်းခံရမည်”ဟု မိန့်တော်မူ၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။