ကိုယ်တော်ကိုသိသောသူတို့၌ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုလည်းကောင်း၊ စိတ်နှလုံးဖြောင့်မှန်သောသူတို့၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။
ဟေရှာယ 2:5 - မြန်မာ့စံမီသမ္မာကျမ်း အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။ Common Language Bible ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။ Garrad Bible အ ချင်း ယာ ကုပ် အ နွယ် တို့၊ လာ ကြ။ ထာ ဝ ရ ဘု ရား၏ အ လင်း တော် တွင် ကျင် လည် ကြ ကုန် အံ့။ Judson Bible အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။ |
ကိုယ်တော်ကိုသိသောသူတို့၌ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုလည်းကောင်း၊ စိတ်နှလုံးဖြောင့်မှန်သောသူတို့၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
သူတို့သည် ကိုယ်တော်၏နာမတော်၌ တစ်နေ့လုံးရွှင်လန်း၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ချီးမြှောက်ခြင်းခံရကြပါ၏။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။
“ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။