ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် လေးသမားရှေ့မှထွက်ပြေးနိုင်ရန် အချက်ပြအလံကို ကိုယ်တော်လွှင့်ထူပေးခဲ့ပါ၏။(စေလာ)
ဟေရှာယ 13:2 - မြန်မာ့စံမီသမ္မာကျမ်း တောင်ကတုံးပေါ်၌ အချက်ပြအလံကိုလွှင့်ထူကြ။ သူတို့ထံ အသံကိုလွှင့်ကြ။ လက်ကိုဝှေ့ယမ်းကြ။ ထိုအခါ မင်းအရာရှိတံခါးတို့မှ သူတို့ဝင်လာမည်။ Common Language Bible တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။- Garrad Bible မှူး တော် မတ် တော် ဝင် ထွက် သော တံ ခါး များ ကို ဝင် ရ ကြ စေ ရန်၊ ရှင်း လင်း သော တောင် ထိပ် ပေါ် တွင် အ လံ စိုက် ထူ ပြီး လျှင်၊ လက် ရိပ် ပြ၍ ကြွေး ကြော် ကြ လော့။ Judson Bible ရှင်းလင်းသောတောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။ |
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် လေးသမားရှေ့မှထွက်ပြေးနိုင်ရန် အချက်ပြအလံကို ကိုယ်တော်လွှင့်ထူပေးခဲ့ပါ၏။(စေလာ)
ယနေ့တွင် နောဗမြို့၌ရပ်နားကြ၏။ ဇိအုန်သမီး၏တောင်ဖြစ်သော ဂျေရုဆလင်တောင်ကုန်းကို လက်သီးထောင်ပြကြ၏။
လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာပြီ။ မြေကြီးစွန်းမှ လူမျိုးကြီးနှင့် ကြီးမြတ်သောရှင်ဘုရင်တို့ ထကြွကြပြီ။
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။