သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ဟေရှာယ 10:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် ထိုသို့မကြံရွယ်။ သူ၏စိတ်နှလုံးသည် ထိုသို့မစဉ်းစား။ သူ၏စိတ်နှလုံးထဲ၌ လူမျိုးများစွာတို့ကို ဖျက်ဆီးပယ်ရှားရန် ကြံရွယ်၏။ Common Language Bible သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊- Garrad Bible ထို မင်း မူ ကား၊ အ ခြား သော စိတ်၊ အ ခြား သော သ ဘော နှင့် များ စွာ သော လူ မျိုး တို့ ကို ဖျက် ဆီး ပယ် ရှင်း ရန် ကြံ စည် လျက်၊ Judson Bible သို့သော်လည်း၊ သူသည် အခြားသောအကြံ၊ အခြားသောအလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာသောလူမျိုးတို့ကို ပယ်ရှင်းခြင်းငှာ အလိုရှိ၏။ |
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သား၊ ကျောက်များသာဖြစ်သောကြောင့် ပျက်စီးကြလေပြီ။
သူသည် ငါ့အဖို့ အမှုကိုဆောင်လေပြီ။ ထို့ကြောင့် သူလုပ်ဆောင်ခဲ့သောအမှုအတွက် အဖိုးအခအဖြစ် အီဂျစ်ပြည်ကို သူ့အားပေးမည်’ဟု မိန့်တော်မူ၏။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
ထာဝရဘုရားကို ဆန့်ကျင်ကြံစည်သူ၊ ဆိုးဝါးယုတ်ညံ့သောအကြံကို ပေးသူတစ်ဦး သင့်အထဲမှ ပေါ်လာလိမ့်မည်။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။