ဟေရှာယ 10:20 - မြန်မာ့စံမီသမ္မာကျမ်း
ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ထို ကာ လ ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် တို့ နှင့် ဘေး လွတ် သူ ယာ ကုပ် အ မျိုး သား တို့ သည်၊ ဒဏ် ခတ် သော မင်း ကို ဆက် လက် တံ ကဲ မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား တည်း ဟူ သော ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကို၊ တစ် သ မတ် တည်း တံ ကဲ ပြု ကြ လိမ့် မည်။
အခန်းကိုကြည့်ပါ။
ထိုအခါမှစ၍၊ ဘေးလွတ်လျက်ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တစ်ဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
အခန်းကိုကြည့်ပါ။