ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
ဟေဗြဲ 4:5 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု ထိုနေရာ၌ဆိုထား၏။ Common Language Bible တစ်ဖန်ဤအကြောင်းအရာနှင့်ပတ်သက် ၍``ထိုသူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိ ရန် ပြည်တော်သို့အဘယ်အခါ၌မျှဝင် ကြရလိမ့်မည်မဟုတ်'' ဟုဆို၏။- Garrad Bible ငါ့ ငြိမ် ဝပ် ရာ ချမ်း သာ ကို သူ တို့ ဝင် စား ကြ ရ မည် မ ဟုတ် ဟူ သော ကျမ်း ချက် ရှိ ပြန်၏။ Judson Bible ထိုကျမ်းစာ၌ တစ်ဖန် လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် “သူတို့သည် ငါ၏ စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်” ဟူ၍လည်း ဖော်ပြထားပြန်၏။ |
ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
ထို့ကြောင့် အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်း
ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။