“မိန်းမတကာတို့ထက် အဆင်းလှသောမိန်းမ၊ သင်မသိလျှင် သိုးတို့နောက်သို့ ခြေရာခံလိုက်ပါ။ သိုးထိန်းတို့၏တဲနားတွင် သင့်ဆိတ်သငယ်တို့ကို ထိန်းကျောင်းပါ။
ဟေဗြဲ 13:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။ Common Language Bible သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။- Garrad Bible ဘု ရား သ ခင့် တ ရား တော် ကို သင် တို့ အား ဟော ပြော ခဲ့ သော အ ကြီး အ မှူး များ ကို သ တိ ရ ကြ လော့။ မည် သို့ ကျင့် ကြံ ပြု မူ၍ စု တေ ကြ သည် ကို ဆင် ခြင် လျက် သူ တို့ ယုံ ကြည် ခြင်း ပုံ စံ ကို လိုက် ကြ လော့။ Judson Bible ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။ |
“မိန်းမတကာတို့ထက် အဆင်းလှသောမိန်းမ၊ သင်မသိလျှင် သိုးတို့နောက်သို့ ခြေရာခံလိုက်ပါ။ သိုးထိန်းတို့၏တဲနားတွင် သင့်ဆိတ်သငယ်တို့ကို ထိန်းကျောင်းပါ။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။
သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။
သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
သင်တို့၏ခေါင်းဆောင်အားလုံးနှင့် သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပါ၏။ အီတလီပြည်မှလာသောသူတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။