“တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်၌ အသုံးပြုရန်အတွက် သူတို့ထံမှ ထိုလှူဖွယ်ဝတ္ထုတို့ကို ခံယူလော့။ သင်သည် ထိုအရာတို့ကို လေဝိအမျိုးအသီးသီးတို့ ထမ်းဆောင်ရသည့်တာဝန်အလိုက် ပေးအပ်ရမည်”ဟု မိန့်တော်မူ၏။
ဟေဗြဲ 13:10 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။ Common Language Bible ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။- Garrad Bible တဲ တော် ဝတ် ကို ဆောင် ရွက် သူ တို့ မ စား ထိုက် သော ပူ ဇော် ရာ ပ လ္လင် တော် သည် ငါ တို့၌ ရှိ၏။ Judson Bible တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့တွင် ယဇ်ပလ္လင်တစ်ခု ရှိ၏။ ထိုယဇ်ပလ္လင်မှ ပူဇော်သက္ကာကို တဲတော်၌ အမှုတော်ဆောင်သောသူတို့သည် စားခွင့်မရှိကြ။ |
“တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်၌ အသုံးပြုရန်အတွက် သူတို့ထံမှ ထိုလှူဖွယ်ဝတ္ထုတို့ကို ခံယူလော့။ သင်သည် ထိုအရာတို့ကို လေဝိအမျိုးအသီးသီးတို့ ထမ်းဆောင်ရသည့်တာဝန်အလိုက် ပေးအပ်ရမည်”ဟု မိန့်တော်မူ၏။
ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။