အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 10:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကိုယ်တော်​သည် စင်ကြယ်စေခြင်း​ခံရသော​သူတို့​အား တစ်ခုတည်းသော ပူဇော်စရာ​ဖြင့် ထာဝရ​ပြီးပြည့်စုံ​စေတော်မူ၏။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 10:14
16 ပူးပေါင်းရင်းမြစ်များ  

ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။


မွန်းတည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်ခြည်​ထက်​မက​တောက်ပ​သော ကောင်းကင်​မှ​အလင်း​သည် အကျွန်ုပ်​မှစ၍ အကျွန်ုပ်​နှင့်အတူ​ခရီး​သွား​သူ​များ​ပတ်လည်​တွင် ထွန်းလင်း​သည်​ကို အကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အရှင်​မင်းကြီး။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့်


ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။


ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။


သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက်


ထို့ကြောင့် ယေရှု​သည်​လည်း မိမိ​၏​သွေး​တော်​အားဖြင့် လူ​တို့​ကို​သန့်ရှင်း​စေ​ရန် မြို့​တံခါး​အပြင်​၌ ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။


အမှန်စင်စစ် သန့်ရှင်း​စေ​တော်မူ​သော​အရှင်​ဖြစ်စေ၊ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ဖြစ်စေ အားလုံး​သည် တစ်ပါးတည်း​ထံမှ​ဖြစ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် ထို​သူ​တို့​ကို ညီအစ်ကို​များ​ဟု​ခေါ်​ရန် ရှက်​တော်​မ​မူ​ဘဲ


အဘယ်ကြောင့်ဆိုသော် ပညတ်​တရား​သည် မည်သည့်​အရာ​ကို​မျှ မ​စုံလင်​စေ​ခဲ့​ချေ။ သို့သော် ယခု​အခါ သာ၍​မြတ်​သော​မျှော်လင့်​ခြင်း​ရောက်ရှိ​လာ​သဖြင့် ငါ​တို့​သည် ထို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ကြ​၏။


ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။


ထို​အရာ​တို့​သည် စားစရာ၊ သောက်​စရာ​နှင့် အထူးထူး​အပြားပြား​သော​ဆေးကြော​ခြင်း​ဝတ်​များ​နှင့်ဆိုင်​၍ အသစ်​ပြုပြင်​ရာ​ကာလ​တိုင်အောင် ထုံးဖွဲ့​ထား​သော ကိုယ်ကာယ​နှင့်ဆိုင်သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။