ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။
ဟေဗြဲ 1:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုအရာတို့ကို ခြုံထည်ကဲ့သို့လိပ်တော်မူသဖြင့် ၎င်းတို့သည် ဝတ်ရုံကဲ့သို့ပြောင်းလဲကြလိမ့်မည်။ ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏သက်တမ်းသည်လည်း ကုန်ဆုံးမည်မဟုတ်ပါ”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။ အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။ Garrad Bible အ ဝတ် ထည် ကို လိပ် သ ကဲ့ သို့ လိပ် တော် မူ လိုက် သ ဖြင့် ပြောင်း လဲ ခြင်း ကို ခံ ရ ပါ လိမ့် မည်။ ကိုယ် တော် မူ ကား မ ပြောင်း မ လဲ။ နှစ် တာ တော် လည်း အ ဆုံး မ ရှိ ပါ ဟူ၍ လည်း ကောင်း ဗျာ ဒိတ် တော် ရှိ၏။ Judson Bible ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဝတ်ရုံသဖွယ်ခေါက်တော်မူသဖြင့် ၎င်းတို့သည် အဝတ်လဲသကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင် ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ ကိုယ်တော်၏ အသက်တော်သည်လည်း ကုန်ဆုံးတော်မမူ” ဟု မိန့်တော်မူ၏။ |
ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။
အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
ဘုရားသခင်က မောရှေအား “ငါသည် ငါဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က “သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါဖြစ်၏ဟုဆိုသောသူက သင်တို့ထံသို့ ငါ့ကိုစေလွှတ်တော်မူသည်’ဟူ၍ ပြောရမည်”ဟု မိန့်တော်မူ၏။
ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ အာဗြဟံမမွေးဖွားမီကပင် ငါရှိ၏”ဟု မိန့်တော်မူ၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။