သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ဟောရှေ 9:2 - မြန်မာ့စံမီသမ္မာကျမ်း ကောက်နယ်တလင်းများ၊ စပျစ်သီးနယ်ရာကျင်းများသည် သူတို့ကို ကျွေးမွေးမည်မဟုတ်။ စပျစ်ဝိုင်အသစ်သည်လည်း သူတို့အဖို့ လုံလောက်မည်မဟုတ်။ Common Language Bible သို့ရာတွင်မကြာမီသင်တို့တွင်ဆန်စပါး၊ သံလွင်ဆီနှင့်စပျစ်ရည်တို့ကိုစားသုံး ခွင့်ရတော့မည်မဟုတ်။- Garrad Bible ကောက် နယ် တ လင်း၊ ဖိ နင်း ရာ စ ပျစ် ကျင်း ထွက် စား ဖွယ်၊ သောက် ဖွယ် မ လုံ မ လောက်၊ စ ပျစ် ရည် ခန်း ခြောက် လိမ့် မည်။ Judson Bible ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မျှော်လင့်သည်အတိုင်း မထွက်ရ။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
ထို့ကြောင့် ရိတ်သိမ်းချိန်တွင် ကောက်ပဲသီးနှံကိုလည်းကောင်း၊ စပျစ်သီးပေါ်ချိန်တွင် စပျစ်ဝိုင်အသစ်ကိုလည်းကောင်း ငါပြန်သိမ်းယူမည်။ သူ့အရှက်ကိုဖုံးပေးသော သိုးမွေးနှင့် ချည်ချောတို့ကိုလည်း ငါချွတ်ပစ်မည်။
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
ထိုကာလတွင် စပါးပုံကို ခြင်သောအခါ တင်းနှစ်ဆယ်ရမည်ဟုထင်သော်လည်း ဆယ်တင်းသာ ရပြီး စပျစ်ဝိုင်စည်တွင် စပျစ်ဝိုင်လာခပ်သောအခါ အချိန်ငါးဆယ်ရမည်ဟုထင်သော်လည်း အချိန်နှစ်ဆယ်သာ ရသည်မဟုတ်လော။