ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
ဟောရှေ 7:6 - မြန်မာ့စံမီသမ္မာကျမ်း မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။ Common Language Bible သူတို့သည်မုန့်ဖိုမီးကဲ့သို့ပုန်ကန်လိုသော စိတ်၊ တောက်လောင်လျက်ရှိကြ၏။ တစ်ညလုံး သူတို့၏အမျက်ဒေါသစိတ်သည်တငွေ့ ငွေ့လောင်လျက်ရှိ၏။ နံနက်သို့ရောက်လျှင် မီးထတောက်လေ၏။ Garrad Bible ညဉ့် အ ခါ တွင် အ မျက် ငြိမ် လျက်၊ နံ နက် အ ချိန်၌၊ မီး လျှံ သ ဖွယ် ထ သော ဒေါ သ စိတ် ဖြင့် ချောင်း မြောင်း၍၊ မီး ဖို ကဲ့ သို့ ပူ ကြ သ ဖြင့်၊ Judson Bible အကယ်စင်စစ် သူတို့သည် ချောင်း၍ကြည့်လျက် နေကြစဉ် မိမိတို့နှလုံးကို မီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သောမီးကဲ့သို့ လောင်လျက်ရှိ၏။ |
ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
မုန့်ဖုတ်သူသည် မုန့်ညက်ကိုနယ်ပြီး တဆေးပေါက်သည်အထိ မီးဆက်ထိုးစရာမလိုဘဲ မီးတောက်နေသောမီးဖိုကဲ့သို့ သူတို့အားလုံး အိမ်ထောင်ရေးဖောက်ပြန်လိုစိတ်များ ပြင်းထန်၏။
သူတို့အားလုံး မီးဖိုကဲ့သို့ ပူလောင်လျက် သူတို့၏အုပ်ချုပ်သူများကို ဝါးမျိုကြလေပြီ။ ရှင်ဘုရင်တို့ကိုလည်း လှဲချပစ်ကြပြီ။ ငါ့ကို ခေါ်သောသူတစ်ယောက်မျှမရှိ။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။