အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟော​ရှေ 2:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ထာဝရဘုရား​က “​ထို​နေ့​တွင် သင်​သည် ငါ့​ကို ‘​သခင်​’​ဟု မ​ခေါ်​တော့​ဘဲ ‘​ခင်ပွန်း​’​ဟု ခေါ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဗာ လ များ ဟူ၍ မ မြွက် မ ဆို၊ မ မှတ် မ သား ရ သည့် တိုင် အောင်၊ ၎င်း အ မည် များ ကို ငါ ပယ် မည် နှင့် အ ညီ၊ ထို ကာ လ ၌ ငါ့ ကို ကာ မ ပိုင် ဟု ဆက် လက် မ ခေါ် ရ ဘဲ၊ ခင် ပွန်း ဟု သ မုတ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်​သည်​ငါ့​ကို သ​ခင်​ဟူ၍ မ​ခေါ်​ရ၊ ခင်​ပွန်း​ဟူ၍ ခေါ်​ရ​မည်။

အခန်းကိုကြည့်ပါ။



ဟော​ရှေ 2:16
12 ပူးပေါင်းရင်းမြစ်များ  

ရှေခင်​၏​စိတ်နှလုံး​သည် ယာကုပ်​၏​သမီး​ဒိန​ကို​စွဲလမ်း​၏​။ သူ​သည် ထို​မိန်းကလေး​ကို​ချစ်​၏​။ ကြင်နာ​စွာ​စကားပြော​၏​။


“​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။


အကြောင်းမူကား သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သင်​၏​ခင်ပွန်း​ဖြစ်​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ သင့်​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ဖြစ်​၏​။ မြေကြီး​တစ်ပြင်လုံး​၏​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏​။


အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လာ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထာဝရဘုရား​က “ငါ​သည် သင်​တို့​၏​ခင်ပွန်း​ဖြစ်​၏​။ သင်​တို့​ကို မြို့​တစ်​မြို့​လျှင်​တစ်ယောက်​၊ မျိုးနွယ်စု​တစ်​စု​လျှင်​နှစ်​ယောက် ရွေးယူ​၍ ဇိအုန်​မြို့​သို့​ပို့ဆောင်​မည်​။


သင်​တို့​ကို လူမျိုးတကာ​တို့​နေရာ တောကန္တာရ​သို့ ခေါ်ဆောင်​သွား​ပြီး ထို​နေရာ​တွင် သင်​တို့​ကို မျက်နှာချင်းဆိုင် စီရင်​မည်​။


သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။


သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။


ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။


ငါ​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​လျက် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ကုန်​စို့။ အဘယ်ကြောင့်​ဆိုသော် သိုးသငယ်​တော်​၏​မင်္ဂလာဆောင်​ပွဲ​အချိန်​ကျရောက်​လာ​၍ သူ​၏​သတို့သမီး​သည် မိမိကိုယ်ကို​ပြင်ဆင်​လေ​ပြီ။


သူ့​ခင်ပွန်း​က​လည်း သူ့​ကို​ချော့မော့​ပြီး ပြန်ခေါ်​လာ​ရန် မိမိ​ငယ်သား​နှင့်အတူ မြည်း​နှစ်​ကောင်​နှင့် ခရီးထွက်​လာ​ခဲ့​၏​။ မယားငယ်​သည် ခင်ပွန်းသည်​ကို ဖခင်​အိမ်​သို့​ခေါ်သွား​၍ ဖခင်​က​မြင်​သောအခါ ဝမ်းသာအားရ​ကြိုဆို​၏​။


ရုသ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် သခင့်​ရှေ့​တွင် မျက်နှာရ​ပါစေ​။ အကျွန်ုပ်​သည် သခင်​၏​ကျွန်မ​တစ်​ဦး​မ​ဟုတ်​သော်လည်း သခင်​သည် အကျွန်ုပ်​အား ကြင်နာ​စွာ​စကားဆို​၍​နှစ်သိမ့်​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။