လမ်းအနားရှိ စမ်းချောင်းမှရေကို သောက်တော်မူလိမ့်မည်။ ထို့ကြောင့် ကိုယ်တော်သည် ဦးခေါင်းတော်ကို ချီးမြှောက်တော်မူလိမ့်မည်။
သူကြီး 7:6 - မြန်မာ့စံမီသမ္မာကျမ်း ရေကို လက်ခုပ်နှင့် ခပ်၍လျက်သောက်သောသူ အယောက်သုံးရာ ရှိ၏။ ကျန်လူတို့မှာ ဒူးထောက်၍ ရေကိုသောက်သောသူများ ဖြစ်၏။ Common Language Bible ရေကိုလက်ခုပ်ဖြင့်ယူပြီးလျှင်လျှာနှင့် လျက်သောက်သောလူအရေအတွက်မှာ သုံးရာရှိ၍ ကျန်သောသူတို့မူကားဒူး ထောက်၍ရေကိုသောက်သူများဖြစ်ကြ၏။- Garrad Bible လက် ခုပ် ဖြင့် လျက် သောက် သော လူ အ ရေ အ တွက် ကား သုံး ရာ ရှိ၏။ ကြွင်း ကျန် သော လူ အ ပေါင်း တို့ ကား ဒူး ချ လျက် သောက် ကြ သ တည်း။ Judson Bible ထိုအခါ မိမိလက်ခုပ်နှင့် ရေကိုယူသဖြင့် လျက်၍သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်းတို့သည် ရေသောက်ခြင်းငှာ ဒူးထောက်၍ ဝပ်ကြ၏။ |
လမ်းအနားရှိ စမ်းချောင်းမှရေကို သောက်တော်မူလိမ့်မည်။ ထို့ကြောင့် ကိုယ်တော်သည် ဦးခေါင်းတော်ကို ချီးမြှောက်တော်မူလိမ့်မည်။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
ဂိဒေါင်ကလည်း လူတို့ကို စမ်းချောင်းနားသို့ခေါ်သွားသောအခါ ထာဝရဘုရားက သူ့အား “ခွေးကဲ့သို့ ရေကိုလျှာဖြင့် လျက်သောသူနှင့် ဒူးထောက်ပြီးသောက်သောသူတို့ကို သီးခြားခွဲထားလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း ဂိဒေါင်အား “ရေကို လျက်သောက်သောသူအယောက်သုံးရာဖြင့် သင်တို့ကို ငါကယ်တင်မည်။ မိဒျန်လူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်။ ကျန်လူတို့ကို မိမိနေရပ်သို့ အသီးသီးပြန်သွားကြစေ”ဟု မိန့်တော်မူ၏။