“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
သူကြီး 6:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုည၌လည်း ဘုရားသခင်သည် သူလျှောက်သည့်အတိုင်းပြုလေ၏။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသာ ခြောက်သွေ့၏။ Common Language Bible ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။ Garrad Bible ထို ညဉ့် တွင် ဘု ရား သ ခင် စီ ရင် တော် မူ သ ဖြင့် မြေ တစ် ပြင် လုံး နှင်း စို၍ သိုး မွေး သွေ့ ခြောက် လျက် ရှိ၏။ Judson Bible ထိုည၌လည်း ဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတစ်ပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက်ရှိ၏။ |
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
တစ်ဖန် ဂိဒေါင်က ဘုရားသခင်အား “အကျွန်ုပ်ကို အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ထားပါရစေ။ နောက်တစ်ကြိမ် သိုးမွေးဖြင့် စမ်းသပ်ခွင့်ပြုတော်မူပါ။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးကိုသာ ခြောက်သွေ့စေတော်မူပါ”ဟု လျှောက်၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။