သူ၏အပေါင်းအဖော်အားလုံး အရှက်ကွဲရလိမ့်မည်။ လက်မှုပညာသည်တို့သည် လူမျှသာဖြစ်၏။ သူတို့အားလုံး စုရုံး၍ ရပ်နေကြပါစေ။ သူတို့သည် ကြောက်ရွံ့လျက် အတူတကွအရှက်ကွဲရလိမ့်မည်။
သူကြီး 6:29 - မြန်မာ့စံမီသမ္မာကျမ်း “ဤအမှုကို မည်သူပြုသနည်း”ဟု တစ်ယောက်ကိုတစ်ယောက်မေးမြန်းကြ၏။ လိုက်လံစုံစမ်းသောအခါ လူတို့က “ဤအမှုကို ယောရှ၏သား ဂိဒေါင်ပြုသည်”ဟု ဆိုကြ၏။ Common Language Bible သူတို့သည်``ဤအမှုကိုအဘယ်သူပြုသနည်း'' ဟုအချင်းချင်းမေးမြန်းစုံစမ်းကြည့်ရာ ယောရှ၏သားဂိဒေါင်ပြုသည့်အမှုဖြစ် ကြောင်းကိုသိရှိရကြ၏။- Garrad Bible ဤ အ မှု ကို မည် သူ ပြု သ နည်း ဟု အ ချင်း ချင်း ဆွေး နွေး မေး မြန်း ပြီး မှ ယော ရှ သား ဂိ ဒေါင် ပြု လေ ပြီ ဟု ပြော ဆို ကြ၏။ Judson Bible ဤအမှုကို အဘယ်သူပြုသနည်းဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းစစ်ကြောလျှင်၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ၏။ |
သူ၏အပေါင်းအဖော်အားလုံး အရှက်ကွဲရလိမ့်မည်။ လက်မှုပညာသည်တို့သည် လူမျှသာဖြစ်၏။ သူတို့အားလုံး စုရုံး၍ ရပ်နေကြပါစေ။ သူတို့သည် ကြောက်ရွံ့လျက် အတူတကွအရှက်ကွဲရလိမ့်မည်။
ဂျူးလူမျိုးတို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
နံနက်စောစော မြို့သားတို့ ထသောအခါ ဗာလယဇ်ပလ္လင်သည် ဖြိုဖျက်ခံရလျက်၊ အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်သည် ခုတ်လှဲခံရလျက်၊ အသစ်တည်ထားသောယဇ်ပလ္လင်ပေါ်၌ ဒုတိယနွားထီးပျို ပူဇော်ထားလျက်ရှိသည်ကို တွေ့မြင်ကြလျှင်
ထိုအခါ မြို့သားတို့က ယောရှအား “သင်၏သားကို ထုတ်ပေးလော့။ ဗာလယဇ်ပလ္လင်ကိုဖြိုဖျက်ပြီး အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကိုခုတ်လှဲသောကြောင့် သူအသတ်ခံရမည်”ဟု ဆိုကြ၏။